International News

ထိုင်းနိုင်ငံတွင် အစိုးရဉီးဆောင်အဖွဲ့မှ နှာခေါင်းစည်းဝယ်ယူရေး နှောင့်နှေးနေ

Last Updated:

အစိုးရအနေဖြင့် ပြည်တွင်းအထည်ချုပ်စက်ရုံများမှ လျှော်ဖွတ်နိုင်သောနှာခေါင်းစည်းများအားဝယ်ယူရန် အတွက်ဆုံးဖြတ်ရန် နှောင့်နှေးလျှက်ရှိပါသည်။ အထည် ချုပ်စက်ရုံများအနေဖြင့် မည်သည့်အစိုးရဌာနမှကုန်ကျစရိတ်ကိုပေးချေမည်ဆိုသည်ကို ဆုံးဖြတ်ရန်ပျက်ကွက်ခဲ့ပြီးနောက် ထုတ်လုပ်သူများအနေဖြင့် ဝယ်ယူရေး အမှာစာများကို စောင့်ဆိုင်းလျှက်ရှိပါသည်။

အစိုးရအနေဖြင့် ယခင်ကအထည်ချုပ်စက်ရုံများကို နှာခေါင်းစည်းများအားတစ်ခုလျှင် (၅) ဘတ်နှုန်းဖြင့် ရောင်းချရန်ပြောကြားခဲ့ပါသည်။ ၎င်းမှာ ကုန်ပစ္စည်း အမျိုးအစားပေါ်မူတည်၍ ထုတ်လုပ်မှုကုန်ကျစရိတ် (၅၀-၁၀၀) ဘတ်ထက်များစွာနည်းပါးနေပါသည်။ သို့ရာတွင်ထိုင်းစက်မှု လုပ်ငန်းရှင်များအသင်းချုပ် အောက်ရှိ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဉက္ကဌ Somsak Srisuponvanit က စက်ရုံများအနေဖြင့် အစိုးရမှကလပ်အသင်းသို့ပေးပို့မည့် နှာခေါင်းစည်း ဝယ်ယူရေး အမှာစာများကို စောင့်ဆိုင်းလျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထုတ်လုပ်သူများအနေဖြင့် အမှာစာလိုအပ်ချက်အရ လျှော်ဖွတ်နိုင်သောနှာခေါင်းစည်းများ ထုတ်လုပ်ရန် အဆင်သင့်ရှိနေကြောင်း၊ သို့ရာတွင် စက်ရုံများအနေဖြင့် အစိုးရမှ ဝယ်ယူရေးအမှာစာများ ပေးပို့ခြင်းမရှိမှု အပေါ် ဆုံးဖြတ်ရန်ခက်ခဲနေကြောင်း Mr. Somsak က ပြောကြားခဲ့ပါသည်။

ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်အနေဖြင့် အစိုးရကို နှာခေါင်းစည်း ပြတ်လပ်မှုကိစ္စရပ်အပေါ်ကျော်လွှားနိုင်ရေး ကူညီဆောင်ရွက်ပေးရန် သံဓိဌာန်ချမှတ်ထား ကြောင်း၊ သို့ရာတွင် ၎င်းမှာ နှောင့်နှေးမှုများ ရှိနေပါသည်။ အထည်ချုပ်လုပ်ငန်းများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအပေါ် အမြတ်မထုတ်လိုကြောင်း၊ သို့ရာတွင် အထည်ချုပ်လုပ်ငန်းရှင်များ အနေဖြင့် လုပ်သားခ၊ လျှပ်စစ် ဓါတ်အားခ နှင့် စက်ပစ္စည်းခများ ပေးရန်ရှိနေကြောင်း Mr.Somsak ကပြောကြားခဲ့ပါသည်။

၎င်းက ကလပ်အသင်းသားများအနေဖြင့် မတ်လကုန်အထိ ပြန်လည်လျှော်ဖွတ်နိုင်သော နှာခေါင်းစည်း (၁၀) သန်းအား ထုတ်လုပ်ပေးနိုင်ကြောင်း ပြောကြားခဲ့ပါ သည်။ မတ်လ (၅) ရက်နေ့ အစည်းအဝေးတွင် အစိုးရဌာနများ၊ အဝတ်အထည်နှင့် အထည်ချုပ်လုပ်ငန်းရှင်များ၊ အထည်ချုပ်စက်ရုံများ၊ ထိုင်းစက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ထိုင်းအထည်အလိပ် တက္ကသိုလ်များ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကိစ္စအပေါ်ဆွေးနွေးခဲ့ကြပါသည်။

ဒုတိယဝန်ကြီးချုပ် ဆုန်ကစ်က ထိုင်းနိုင်ငံရှိ အဝတ်အထည်နှင့် အထည်ချုပ်စက်ရုံများအား  နှာခေါင်းစည်းများ ဝယ်လိုအားမြင့်တက်လာမှုနှင့်နှာခေါင်းစည်းများ ပြတ်လပ်မှုမရှိစေရေး လိုအပ်သော ကုန်ကြမ်းများကိစ္စကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် အမိန့်ညွှန်ကြားချက်အား ထုတ်ပြန်ခဲ့ပါသည်။

စက်မှုဝန်ကြီးဌာနအနေဖြင့် အဝတ်စဖြင့်ပြုလုပ်ထားသော နှာခေါင်းစည်းများအား ပြည်တွင်းစက်ရုံများမှ ဝယ်ယူရေးအတွက် လိုအပ်သောဘတ်ဂျက်အား အဆိုပြု တင်ပြရန် မျှော်မှန်းထားပါသည်။ ဝန်ကြီးဌာနအနေဖြင့်ဗန်ကောက်နှင့်အနီးဝန်းကျင်ဧရိယာများတွင် နှာခေါင်းစည်းသန်း (၃၀) ပေးဝေနိုင်ရေး (သိူ့မဟုတ်) လူတစ်ဉီး လျှင်နှာခေါင်းစည်း (၃) ခု အားအခမဲ့ ပေးဝေနိုင်ရေးမျှော်မှန်းထားပါသည်။ Mr. Somsak က အထည်အလိပ်ကလပ် အသင်းအနေဖြင့် အသင်းဝင်ကုမ္ပဏီပေါင်း (၁၀၀) ကျော် ရှိကြောင်းပြောကြားခဲ့ပါသည်။ အချို့ကုမ္ပဏီများမှာ ၎င်းတို့၏ ထုတ်လုပ်မှုများကို အဝတ်အထည်ဖက်ရှင်လိုင်းမှနေ၍ နှာခေါင်းစည်းထုတ်လုပ်ရေး လိုင်းများသို့ ပြောင်းလဲလျှက်ရှိနေကြကြောင်းပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: International News